(မှုခင်း) ဧပြီ ၃၀

ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးနှင့် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူးတို့၏ လုပ်ငန်းလမ်းညွန်မှုများဖြင့် တောင်ငူမြို့မ ခေတ္တစခန်းမှူး ဒုရဲမှူးတင်ဦးမှ တောင်ငူမြို့နယ်အတွင်း ဆိုင်ကယ် လိုက်လံခိုးယူနေသူများအား ဖမ်းဆီးဖော်ထုတ်၍ ဆိုင်ကယ်များအား စီစစ်ချက်များအရ မူလပိုင်ရှင် ၅ဦးထံသို့ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားအား ဧပြီလ(၂၇)ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူခရိုင်ရဲသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီလ (၁၀ )ရက်နေ့က နယ်မြေစခန်းတာဝန်ရှိသူများမှ လှည့်ကင်းဆောင်ရွက်နေစဉ် တောင်ငူမြို့၊ (၁၈)ရပ်ကွက်၊ ဗိုလ်ချုပ်ရုပ်ထုရှေ့အရောက်တွင် ကန်လမ်း အတိုင်း အရှေ့မှ အနောက်သို့ မသင်္ကာဖွယ် အမည်မသိအမျိုးသားတစ်ဦး မောင်းနှင်လာသော ၅၃ယ/၉၁၅၂၆ နံပါတ်တပ်ဆင်ထားသည့် CANDA-110 ဘဲခေါင်းအစိမ်း ရောင်အား ရပ်တန့်စေခဲ့ပြီး စစ်ဆေးဆောင်ရွက်ခဲ့ရာ စီးနှင်းလာသော အမည်မသိအမျိုးသားမှာတောင်ငူမြို့၊ မြစ်ကြီးပေါက်၊ (၁ဝ)ရပ်ကွက်တွင်နေထိုင်သူ နေလင်းအောင်(ခ) မောင်ကောင်း(၃၉)နှစ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီးလွယ်ထားသော JINGPIN တံဆိပ်ပါ အနက်ရောင်ဘေးလွယ်အိတ်အသေးတစ်လုံးအား သက်သေများရှေ့တွင်စစ်ဆေးခဲ့ရာ အိတ်အတွင်းမှ မာစတာကီး(၆)ချောင်း၊ အနက်ရောင်တိပ် ပက်ထားသော Lပုံစံ ဂွတို(၁)ချောင်း၊(နေလင်းအောင်အမည်ပါ နိုင်ငံသား စီစစ်ရေးကဒ်ပြား(၁)ခု၊ မောင်ရှိန်းကိုကို အမည်ပါ နိုင်ငံသားစီစစ်ရေးကဒ်ပြား(၁)ခုတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းစီးနှင်းလာသောဆိုင်ကယ်နှင့်ပက်သက်၍ စစ်မေးခဲ့ရာ ပိုင်ဆိုင်ကြောင်း ခိုင်လုံသည့် အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိခဲ့သဖြင့် နေလင်းအောင်(ခ)မောင်ကောင်း ၏ဖော်ထွက်ချက်အရထပ်မံ၍ ရှိုင်းကိုကိုနှင့် ဝေယံစိုး(ခ)စိုးကြီးတို့အား ဖမ်းဆီးစစ်မေးခဲ့ရာ ၎င်းတို့(၃)ဦးသည် ၂ဝ၂၅ ဖေဖော်ဝါရီလနှင့်မတ်လပိုင်းတို့၌ တောင်ငူမြို့အတွင်းမှ နံပါတ်မပါ HONDA WAVE S-110 ဖြူ/နက် ရောင်ဆိုင်ကယ်(၁)စီးနှင့် နံပါတ်မပါ HONDA WAVE -100 အနက်ရောင်ဆိုင်ကယ်(၁)စီးတို့အားခိုးယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးရေကျော်ကျေးရွာနေ ခန့်ဇော်ထက်(ခ)ဇော်ထက်(ခ)ပြူးကြီး(၂၅)နှစ် ဆိုင်ကယ်ပြင်သူထံတွင် ဆိုင်ကယ်(၂)စီးပေါင်း ငွေ(၂၇၅ဝဝဝဝိ/-)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း ထုတ်ဖော်ခဲ့ပြီး သက်သေခံပစ္စည်းများအားသိမ်းဆည်းနိုင်ခဲ့ပါသည်။ ထပ်မံစစ်မေးခဲ့ရာမှ တောင်ငူမြို့နယ်အတွင်းမှခိုးယူခဲ့သော ဆိုင်ကယ် ၁၉ စီးအား သိမ်းဆည်းနိုင်ခဲ့ပါသည်။ နေလင်းအောင်(ခ)မောင်ကောင်း၊ ရှိုင်းကိုကို၊ ဝေယံစိုး(ခ)စိုးကြီး နှင့် ခန့်ဇော်ထက်(ခ)ဇော်ထက်(ခ)ပြူးကြီးတို့အား တောင်ငူမြို့မရဲစခန်းမှ (ပ)၆၈/၂ဝ၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၈၀ /ကျင့် -၅၄ ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်းသိရသည်။




Telegram»…
https://t.me/positiveanglenews