ဇေယျာသီရိမြို့နယ်၌ ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်အမျိုးသား ၁ ဦးအား ဖမ်းဆီးစစ်ဆေး


(မှုခင်း) ဧပြီ ၃၀

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ် အမျိုးသား ၁ ဦးအား စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဇေယျာသီရိမြို့နယ်၊ ရေဆင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်အရောက်၊ ကျောက်ချက်ရွာဘက်မှ အောင်ဇေယျရပ်ကွက်ဘက်သို့ အောင်ဇေယျရပ်ကွက်နေ တင်ဦး(ခ)မဲလုံး၊ ၃၅ နှစ်သည် KENBO-110 အနက်ရောင်ဆိုင်ကယ်အား မောင်းနှင်လာသည်ကို မသင်္ကာဖွယ်တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခဲကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းမှပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ ခိုးယူလာသည်ဟု စစ်ဆေးတွေ့ရှိရသဖြင့် တင်ဦး(ခ)မဲလုံး အား ရေဆင်းနယ်မြေရဲစခန်း (ပ)၂၆/၂၀၂၅ ရာဇသက်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN