Sky Villa အဆောက်အဦး ပြိုကျမှုရှင်းလင်းစဉ် အလောင်း ၄ လောင်းထပ်မံတွေ့ရှိ


(ပြည်တွင်း) ဧပြီ ၂၄

မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး ပြိုကျမှုရှင်းလင်းစဉ် အလောင်း ၄ လောင်းထပ်မံတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်းထန်သည့် မန္တလေးငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒို၏ အဆောင် C နှင့် အဆောင် D တို့အား စက်ယန္တရားများနှင့် ဖယ်ရှားရှင်းလင်းနေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှင်းလင်းရေးလုပ်ဆောင်နေစဉ် ဧပြီလ ၂၄ ရက် နံနက် ၁၀ နာရီ မိနစ် ၄၀ အချိန်တွင် အမျိုးသား ၂ ဦး၏ ရုပ်အလောင်းများနှင့် ၁၁ နာရီအချိန်တွင် အမျိုးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့၏ ရုပ်အလောင်းများအား ထပ်မံတွေ့ရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN