တူရကီတွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း အဖမ်းဆီးခံ အစ္စတန်ဘူလ်မြို့တော်ဝန်သတင်းစကားပါး


(နိုင်ငံတကာ) ဧပြီ ၂၄

တူကီယေး(တူရကီ)နိုင်ငံတွင် ပြင်းအား ၆.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လွန်စွာစိတ်မကောင်းဖြစ်ရကြောင်း ဖမ်းဆီးခံထားရသည့် အစ္စတန်ဘူလ်မြို့တော်ဝန် Ekrem Imamoğlu က သတင်းစကားပါးခဲ့သည်။

Ekrem Imamoğlu သည်ပြီးခဲ့သည့် မတ်လတွင် အမှုပေါင်းများစွာဖြင့် စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရပြီး တူရကီနိုင်ငံ၏ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်တစ်ခုတွင် ချုပ်နှောင်ခံထားရကြောင်းသိရသည်။

တူရကီနိုင်ငံတွင် ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် အဆောက်အဦးပေါင်းများစွာ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၅၀ ကျော် ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Ekrem Imamoğlu သည် မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ရေပန်းစားနေပြီး လာမည့်သက်တမ်းတွင် သမ္မတအဖြစ် လျာထားခံရသူလည်းဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN