မက်ဆီ ရဲ့ တစ်ရာသီအတွင်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဂိုးပါဝင်ပတ်သက်မှုစံချိန်ကို လိုက်မီခဲ့တဲ့ ရာဖင်ဟာ


(အားကစား) ဧပြီ ၁၂

ဘာစီလိုနာအသင်း တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာ အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ဒေါ့မွန်အသင်းတို့ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် ကစားသမားဟောင်း မက်ဆီ ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ရာသီ အတွင်း ဂိုးပါဝင်ပတ်သက်မှုအကြိမ်ရေကို လိုက်မီနိုင်ခဲ့ကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းက ဒေါ့မွန်အသင်းကို အိမ်ကွင်းတွင် လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် ရာဖင်ဟာ ဟာ ပွဲချိန် ၂၅ မိနစ်တွင် တစ်ဂိုးသွင်းယူနိုင်ခဲ့သလို လီဝမ်ဒါစကီး နဲ့ ယာမယ် တို့ရဲ့ သွင်းဂိုးများကိုလည်း ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ယခုနှစ်ဘာလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးပါဝင်ပတ်သက်မှု ၁၉ ကြိမ် ရှိလာခဲ့ကာ မက်ဆီ တင်ထားခဲ့တဲ့ စံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဘာစီလိုနာအသင်းနှင့်အတူ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ၁၄ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှုငါးကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဂိုးပါဝင်ပတ်သက်မှု ၁၉ ကြိမ်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂိုးပါဝင် ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN