ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာတော့မယ့် သောမတ်စ်မူလာ


(အားကစား) ဧပြီ ၁၂

ဂျာမန်ဝါရင့် တိုက်စစ်ကစားသမား သောမတ်စ်မူလာ ဟာ ယခုရာသီကုန်မှာ အသင်းမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုကြေညာ ခဲ့ပါတယ်။

၁၀ နှစ်သားအရွယ်ကတည်း က ဘိုင်ယန်မြူးနစ်အသင်းသို့ ရောက်ရှိနေခဲ့တဲ့ မူလာ အနေနဲ့ ကလပ်အသင်းနဲ့ ၂၅ နှစ်ကြာ လက်တွဲခဲ့မှုကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။

သောမတ်စ်မူလာ ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၇၄၃ ပွဲကစားခဲ့ပြီး ၂၄၇ ဂိုးသွင်းယူနိုင်ခဲ့ကာ ကလပ်သမိုင်းတွင် တတိယဂိုးသွင်းအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် သောမတ်စ်မူလာ အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်အပါအဝင် ဆုဖလားပေါင်း ၃၃ လုံးကို ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN