လွိင်ကော်မြိုနယ်၊ လွိင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော်ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်


(မှုခင်း) ဧပြီ ၁၂

လွိင်ကော်မြိုနယ်၊ လွိင်ကော်-တောင်ကြီးသွား ကားလမ်းပေါ်၌ ခရီးသွားမော်တော်ယာဉ် ၁ စီးအား အကြမ်းဖက်သမားများက ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်ပါ ငွေကျပ်သိန်း ၁၃၀ ခန့်အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် လွိုင်ကော်မြို့၊ ခေါဥခူရပ်ကွက်နေ ဦးအတင့်၊ (ဘ)ဦးမောင်ကို သည် ဇနီးဖြစ်သူနှင့် အတူ ကုန်ပစ္စည်းများဝယ်ယူရန် လွိုင်ကော်မြို့ မှ တောင်ကြီးမြို့ သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကျောက်ကြီး(မြောက်)ကျေးရွာနှင့် ကုန်းဆွယ်ကျေးရွာအကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဦးအတင့် တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားများက မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်ပါ ငွေကျပ် သိန်း ၁၃၀ ခန့်အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နေရာနှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား လိုက်လံရှာဖွေဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်အကွာ၌ မော်တော်ယာဉ်အားပြန်လည်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့်
ဦးအတင့် အား အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်၍လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

NUGI CRPH တို၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသောနေအိမ်များ၊ လမ်း၊ တံတားများအား မီးရှိဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများနှင့် ပြည်သူလူထုအား ပြန်ပေးဆွဲသတ်ဖြတ်ခြင်းများအား ယုတ်မာရိုင်းစိုင်းစွာ ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN