(မှုခင်း) ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-မြင်းခြံ-ပခုက္ကူသွား ကားလမ်းဘေးရှိ “ရွှေပြည်လန်း” စက်သုံးဆီဆိုင်ပိုင်ရှင်အား အကြမ်းဖက် PDF အဖွဲ့မှ ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွာကြောင်း သိရသည်။
ဖြစ်စဉ်တွင် “ရွှေပြည်လန်း” စက်သုံးဆီဆိုင်ပိုင်ရှင် ဦးအောင်မျိုးသည် ဆိုင်အတွင်း အလုပ်သမား ၆ ဦးနှင့်အတူ စက်သုံးဆီရောင်းချနေစဥ် အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဦးမှာ သေနတ်အတို/အရှည်(စိစစ်ဆဲ)များ ကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ဆိုင်၏တောင်ဘက်ရှိ ဧရာဝတီမြစ်ကမ်းဘက်သို့သွားသော မြေသားလမ်းမှ ရောက်ရှိ လာကာ ဆိုင်အတွင်းဝင်ရောက်လာခဲ့ကြောင်း သိရသည်။
၎င်းနောက် ဆိုင်အတွင်းဝင်ရောက်ကာ ၎င်းတို့သည် တပ်မ(၁၀၁)မှဖြစ်ကြောင်း၊ ဆိုင်ရှင် ဦးအောင်မျိုးမှာ PDF အဖွဲ့အားထောက်ပံ့နေ၍ စစ်ဆေးစရာရှသေကြောင့် ခဏ ခေါ်သွားမည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ ဆီဆိုင်ပိုင်ရှင်အား ဖမ်းဆီးခေါ်ဆောင်၍လာရာလမ်းအတိုင်း ဧရာဝတီမြစ်ကမ်းဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews