(နိုင်ငံတကာ) ဧပြီ ၄

ဂျပန်နိုင်ငံမှအမေရိကန်သို့တင်ပို့သည့် ပို့ကုန်များအပေါ်တွင် ၂၄ ရာခိုင်နှုန်းအခွန်ကောက်ခံမည့် အမေရိကန် သမ္မတ ထရမ့်၏ ဆုံးဖြတ်ချက်အပေါ်စိတ်ပျက်မိကြောင်း ဂျပန်ဝန်ကြီးချုပ် အီရှီဘာက ပြောကြားသည်။
ဂျပန်နိုင်ငံ သည် ၂၀၁၉ ခုနှစ်မှစတင်၍ အမေရိကန်တွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်လာခဲ့ပြီး ဂျပန်ကားကုမ္ပဏီ များသည် အမေရိကန်တွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၁၈ သန်းရှိခဲ့ကြောင်းနှင့် အမေရိကန်၏ဆောင်ရွက်ချက်သည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေခဲ့သည် ဟု ၎င်းက ပြောကြားသည်။
အမေရိကန်၏ဆောင်ရွက်ချက်အပေါ် ဂျပန်နိုင်ငံရှိစီးပွားရေး လုပ်ငန်းများမည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိသည်ကို လေ့လာမည်ဖြစ်ပြီး ကုစားမှုများဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။
အမေရိကန်၏ ယခု ဆောင်ရွက်ချက်အပေါ် အခြားကမ္ဘာ့နိုင်ငံများကလည်း ရှုတ်ချလျက်ရှိသည်ဟု NHK သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews