(မှုခင်း) မတ် ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်မှာ PDF အကြမ်းဖက်သမားအချင်းချင်း စကားများကြရာက ဓားထိုးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်၊ တအောင်းပလောင်၊ ရခိုင် အကြမ်းဖက်သောင်းကျန်းသူ ၃ ဖွဲ့က အဓမ္မဝင်ရောက်ပစ်ခတ်ထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေးဇုန်ရှိရာ မူဆယ် ၁၀၅ မိုင်မှာ ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် မနက် ၈ နာရီအချိန်ခန့်က (၁၀၅) မိုင်မှာ NUG လက်အောက်ခံ PDF ၂ ဦးနဲ့ TNLA လက်အောက်ခံ Local PDF တစ်ဦးတို့ စကားအခြေအတင်ပြောကြရာကနေ ရန်ဖြစ်ကြပြီး ဓားထိုးမှုပါဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

NUG လက်အောက်ခံ PDF ၂ ဦးက TNLA လက်အောက်ခံ Local PDF တစ်ဦးကို အသင့်ပါလာတဲ့ဓားနဲ့ လည်ပင်းနဲ့ ကျောကုန်းကိုထိုးခဲ့တာဖြစ်ပြီး တခြားသူတွေ ဝင်တားတဲ့အချိန်မှာ ထွက်ပြေးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဓားထိုးခံရတဲ့ TNLA လက်အောက်ခံ Local PDF ဟာ ဓားထိုးခံရတာအပြင် ရိုက်နှက်နှိပ်စက်တာလည်း ခံရတယ်လို့သိရပြီး သူ့ရဲ့ သေနတ်တစ်လက်၊ ဆိုင်ကယ်တစ်စီး၊ ဖုန်း ၂ လုံး၊ PDF ယူနီဖောင်းတစ်စုံနဲ့ ငွေသားတချိုကိုလည်း ဓားထိုးတဲ့ အဲဒီ PDF နှစ်ဦးက ယူဆောင်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ အကြမ်းဖက်လော်ဘီမီဒီယာတစ်ခုဖြစ်တဲ့ ရွှေဖီမြေက ပြောဆိုထားပါတယ်။
ဓာတ်ပုံ-ရွှေဖီမြေ