ထီးလင်းက ကျောင်းသား ၁၃ ဦး စာစစ်ဌာနကိုမသွားနိုင်လို့ ယခုနှစ်စာမေးပွဲဖြေဆိုနိုင်ခြင်းမရှိဟုဆို


(ပြည်တွင်း) မတ် ၁၇

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်က တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူကျောင်းသား ၁၃ ဦးဟာ စာစစ်ဌာနရှိရာ ပခုက္ကူမြို့ကို သွားရောက်နိုင်ခြင်းမရှိလို့ ယခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်မှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။

ထီးလင်းမြို့နယ်က တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသူကျောင်းသား ၁၃ ဦးဟာ စာမေးပွဲဖြေဆိုဖို့ ဝင်ခွင့်လျှောက်လွှာတွေတင်ထားပြီဖြစ်ပြီး ပခုက္ကူမြို့မှာဖြေဆိုဖို့ စာဖြေခုံအမှတ်များလည်း ထွက်ရှိထားပြီး ဖြစ်တယ်လို့ ကျောင်းသားကျောင်းသူတွေရဲ့မိဘတွေက ပြောပါတယ်။

ထီးလင်းမြို့ကို အကြမ်းဖက်PDF တွေ ပိတ်ဆို့ထားတာကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်နေရတာဖြစ်လို့ စာစစ်ဌာနကို သွားရောက်ဖြေဆိုနိုင်မှုမရှိတာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN