ထွေအုပ်ရပ်ကျေးစာရေး ၂ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် ၁ ဦးအား အကြမ်းဖက် PDF အဖွဲ့မှသတ်ဖြတ်


(မှုခင်း) မတ်လ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကုက္ကိုစုကျေးရွာအုပ်စု၊ ရိုးကန်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် ၁ ဦးနှင့် ထွေအုပ်ရပ်ကျေးစာရေး ၂ ဦးတို့အား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ကုက္ကိုစုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ ၄၅ နှစ်၊ (ဘ)ဦးမောင်ပု(ဝမ်းတွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ၊ မြို့နယ် ကော်မတီဝင်)နှင့် ထွေ/အုပ် ရပ်/ကျေးစာရေး ဦးမျိုးဇင်ဝင်း၊ ၃၉ နှစ်၊ (ဘ)ဦးခင်မောင်ဝင်းတို့ ၂ ဦးသည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးဌေးမောင်၏ နေအိမ်၌ ရှိနေစဉ် နွားထိုးကြီးမြို့နယ်၊ ဇီးတောကျေးရွာဘက်မှ အမည်မသိ အကြမ်းဖက် PDF ၄ ဦး ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ ခြင်းကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးဌေးမောင် နှင့် ဦးမျိုးဇင်ဝင်း တို့ မှာအခင်းဖြစ်နေရာ၌ သေဆုံးခဲ့ရပြီး၊ အကြမ်းဖက် PDF များမှာ နွားထိုးကြီးမြို့နယ်၊ဇီးတောကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

“ငါနှင့်မတူ၊ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများ အား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN