(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁၂

Chat GPT ကိုတီထွင်ခဲ့သည့် OpenAI ကုမ္ပဏီကို ဘီလီယံနာစီးပွားရေးလုပ်ငန်းရှင် အီလွန်မက်ခ် ဦးဆောင်သည့် ရင်းနှီးမြှုပ်နှံသူအဖွဲ့က အမေရိကန်ဒေါ်လာ ၉၇ ဒမသ ၄ ဘီလီယံနှင့် ဝယ်ယူရန် အဆိုပြုခဲ့သည်။
အီလွန်မက်ခ် ရှေ့နေက OpenAI ကို စီမံခန့်ခွဲလျက်ရှိသည့် အမြတ်အစွန်းပဓာနမထားသည့် အဖွဲ့အစည်း တစ်ခုထံ အဆိုပြုလွှာကိုတင်သွင်းခဲ့သည်ဟု သတင်းများကဖော်ပြခဲ့သည်။
OpenAI သည် ယခင်ကကဲ့သို့ ပွင့်လင်း လွတ်လပ်သည့် အရင်းအမြစ်(open-source)တစ်ခုပြန်ဖြစ်လာပြီး ဘေးကင်းလုံခြုံမှုကို အလေးထားဆောင်ရွက်သည့် ကုမ္ပဏီဖြစ်လာရန် အချိန်တန်ပြီဟု အီလွန်မက်ခ် က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
အမြတ်အစွန်းပဓာနမထားသည့်အဖွဲ့အစည်းမှ အမြတ်အစွန်းအဓိကထား လုပ်ကိုင်သည့်အဖွဲ့ကို ထိန်းချုပ် သည့် ပုံစံမျိုးဖြစ်လာသည်။
အဆိုပါကုမ္ပဏီသည် အမြတ်အစွန်းပဓာနမထားသည့် အဖွဲ့အစည်းမှ အမြတ်အစွန်း ရရှိအောင် လုပ်ကိုင်သည့်အဖွဲ့အစည်းအဖြစ် အသွင်ကူးပြောင်းတော့မည်ဟု လွန်ခဲ့သော ဒီဇင်ဘာလက ကြေညာခဲ့သည်။
အီလွန်မက်ခ်၏ အဆိုပြုချက်သည် OpenAI ၏ အစီအစဉ်များအပေါ် သက်ရောက်မှုရှိနိုင်သည်။ OpenAI ကိုရောင်းထုတ်သွားမှာ မဟုတ်ကြောင်း တွစ်တာကို ရောင်းမည်ဆိုပါက အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၄ ဘီလီယံဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း OpenAI ၏ အမှုဆောင်အရာရှိချုပ် ဆမ်အော့တ်မန်း က လူမှုမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်သော X ပေါ်တွင် ဖေဖော်ဝါရီလ ၁၀ ရက်က ရေးသားဖော်ပြခဲ့သည်။
Webpage >>…
https://positiveanglenews.com/2025/02/12/ရိုးမရိပ်သာ-တန်ဖိုးနည်း/
VK Link>>…
https://vk.com/wall-220066330_10738
Telegram»…
https://t.me/positiveanglenews