(မှုခင်း) ဖေဖော်ဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရဲဘော်စိုက်ကွင်း၊ ချမ်းမြသာယာရပ်ကွက်၊ ၁၁၄×၁၁၅ လမ်းကြား၊ လမ်းသွယ်(၈)ရှိ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း၊၁ ထပ်နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိူင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဥ်မှာ ချမ်းမြသာယာရပ်ကွက်နေ ဦးလှဝင်းထွဋ်၏ နေအိမ်တွင် အားသွင်းပန်ကာ အားသွင်းထားရာမှ အပူလွန်ကဲ၍ အနီးရှိ ထရံအားကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးလှဝင်းထွဋ်၏ ၁၅×၁၅ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း ၁ ထပ်နေအိမ် ၁ လုံး၊ ဆုံးရှုံးမှုတန်ဖိုး ၆၇၅၀၀၀ ကျပ်၊ အတွင်းပစ္စည်း ၁၀၀၀၀၀၀ ကျပ်၊ RC ၃၅×၁၀ ပေ၊ ၂ထပ်၊ ၁ လုံး (အနည်းငယ်ပျက်စီး)၊ ဆုံးရှုံးမှုတန် ဖိုး ၄၀၀၀၀၀ ကျပ်၊ အပေါ်ထပ် အလူမီနီယံတံခါး ၆ ချပ်၊ ဆုံးရှုံးမှုတန်ဖိုး ၄၀၀၀၀၀ ကျပ်၊အတွင်းပစ္စည်း ၅၀၀၀၀၀ ကျပ်၊စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၂၉၇၅၀၀၀ ကျပ်ဖြစ်ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးလှဝင်းထွဋ်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews