လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်


(ပြည်တွင်း) ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ လိပ်ပြာမျိုးစိတ် “Green Spotted Triangle” လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပို့တံဆိပ် ခေါင်းသစ်တစ်မျိုးကို လာမယ့် ဖေဖော်ဝါရီလ ၁ ရက်မှာ ရောင်းချပေးမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ကနေ သိရပါတယ်။

အဆိုပါစာပို့တံဆိပ်ခေါင်းသစ်ကို လာမယ့် ဖေဖော်ဝါရီ ၁ ရက် မနက် ၉ နာရီခွဲက စပြီး နေပြည်တော် ဗဟိုစာ တိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်ရှိ စာတိုက်ကြီး တွေမှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အထူးအစီအစဉ်တစ်ရပ်အဖြစ် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေးစာတိုက်ကြီးမှာ ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းတွေပေါ်မှာ နေ့စွဲအမှတ်အသားတံဆိပ်တွေ ရိုက်နှိပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၃ မျိုးကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စာတိုက်ကြီးတွေမှာ နဲ့ အခြား တိုင်း/ပြည်နယ်များရှိ စာတိုက်ကြီးတွေမှာ ရောင်းချပေးခဲ့တာ ရှိပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN #စာပို့တံဆိပ်ခေါင်း #လိပ်ပြာပုံ