(ပြည်တွင်း) ဇန်နဝါရီ ၂၈

မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် မော်တော်ယာဉ်လိုင်းများ၊ စင်းလုံးငှားလေးဘီးနှင့်သုံးဘီး Taxi ယာဉ်များသည် မန္တလေးတိုင်းဒေသကြီး၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ(မြို့တွင်း)သို့ မှတ်ပုံတင်ပြုလုပ်ရန်လိုတယ်လို့ အသိပေးထားကြောင်း သိရပါတယ်။
အဆိုပါယာဉ်များသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျပြေးဆွဲရေး ဥပဒေအမှတ်-၈ ပုဒ်မခွဲ (က)၊ နည်းဥပဒေ ပုဒ်မ-၂၊ ပုဒ်ခွဲ (ဃ)နှင့် ပုဒ်မ-၂၁ ပုဒ်မခွဲ(င)အရ မန္တလေးတိုင်းဒေသကြီး၊ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီ(မြို့တွင်း)၌ မှတ်ပုံတင်ပြုလုပ် ရမှာဖြစ်ပါတယ်။
ထိုကဲ့သို့ မှတ်ပုံတင်ပြုလုပ်ရာတွင် မြို့တွင်းပြေးယာဉ်များ၊ လေးဘီးနှင့် သုံးဘီးစင်းလုံးငှားယာဉ်များအား ချမ်းအေး သာစံမြို့နယ်၊ ၆၃ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (မြို့တွင်း)ရုံးတွင် မှတ်ပုံတင်ပြုလုပ်ပေးလျက်ရှိတာကြောင့် မှတ်ပုံတင်ပြုခြင်းမရှိတဲ့ မော်တော်ယာဉ်များ စစ်ဆေးတွေ့ရှိ ပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews