အကောက်အခွန် ခြိမ်းခြောက်မှုအပြန်အလှန်ပြုလုပ်ပြီးနောက် ပြည်နှင်ဒဏ်ခံရသူများကို ကိုလံဘီယာသဘောတူ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

အကောက်အခွန် ခြိမ်းခြောက်မှုအပြန်အလှန်ပြုလုပ်ပြီးနောက် အမေရိကန်မှ ပြည်နှင်ဒဏ်ခံရသူများကို လက်ခံရန် ကိုလံဘီယာသဘောတူခဲ့ကြောင်းသိရသည်။

ပြည်နှင်ဒဏ်ခံရသူများအား တင်ဆောင်လာသည့် အမေရိကန်စစ်တပ်လေယာဉ် နှစ်စင်းကို ဝင်ရောက်ခွင့်ပိတ်ပင်ပြီးနောက် ကိုလံဘီယာနိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အခွန် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် ထရမ့်က ညွှန်ကြားခဲ့သည်။

ကိုလံဘီယာသမ္မတကလည်း အမေရိကန်နိုင်ငံမှ တင်သွင်းသည့် ကုန်များကို အခွန်စည်းကြပ်မည်ဟု ပြန်လည်တုန့်ပြန်ပြီးနောက် ယခုသဘောတူညီမှုထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုလံဘီယာနိုင်ငံခြားရေးဝန်ကြီးက “ပြည်နှင်ဒဏ်ခံရပြီး ပြန်လာတဲ့ ကိုလံဘီယာနိုင်ငံသားတွေကို ကျွန်တော်တို့ ဆက်လက်လက်ခံမှာဖြစ်ပြီး၊ သူတို့ကို နိုင်ငံသားအခွင့်အရေးအရ လျောက်ပတ်တဲ့ အခြေအနေတွေကို အာမခံပေးမှာပါ”ဟုဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN