(ပြည်တွင်း) မေ ၁
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းခေတ်မီစံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ် မေ ၁ ရက် နံနက် ၁၀ နာရီတွင် အောင်စည်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းနှင့် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးမြသိန်းဝင်းတို့က အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူခဲ့ကြသည်။ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာများကို ရှင်းလင်းဟောပြောကာ လက်တွေ့သရုပ်ပြလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းထွန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထက်အောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။