မြစ်ကြီးနားမြို့နယ်တွင် ရက်(၁၀၀)စီမံချက်အောင်မြင်ရေးနှင့် မြေငှားဂရန်ထုတ်ပေးရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

(ပြည်တွင်း) မေ ၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာအုပ်စု၊ ခေါင်ဆက်နှောင်းကျေးရွာတွင် မြေငှားဂရန် ထုတ်ပေးနိုင်ရေးနှင့် ရက်(၁၀၀) စီမံချက်အောင်မြင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မေ ၁ ရက် နံနက် ၁၀ နာရီတွင် အဆိုပါကျေးရွာ ဘုရားရှိခိုးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ရက်(၁၀၀) စီမံချက်ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းကလည်း ရက်(၁၀၀) လုပ်ငန်းစဉ်များ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ထို့အပြင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးက စိုက်ပျိုးရေးဆိုင်ရာ ပံ့ပိုးကူညီနိုင်မည့် အချက်အလက်များကို မိဘပြည်သူများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီခန့်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

#PAN