အီရန်စစ်ပွဲ အဆုံးသတ်မည့်အရိပ်အယောင် မရှိခြင်းနှင့်အတူ ရေနံစျေးနှုန်းများ ထပ်မံမြင့်တက်လာ

(နိုင်ငံတကာ)မေ ၁

     ​​အမေရိကန်-အီရန်စစ်ပွဲကို ဖြေရှင်းရန် ကြိုးပမ်းမှုများမှာ ရှေ့မတိုးသာသည့် အခြေအနေတွင် ရှိနေပြီး နှစ်ဖက်စလုံးက ပင်လယ်ရေကြောင်း ပိတ်ဆို့မှုများကို ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ တစ်ကျော့ပြန် စံချိန်တင် မြင့်တက်လာခဲ့သည်။

​     သောကြာနေ့တွင် နိုင်ငံတကာစံနှုန်းဖြစ်သော ဘရန့် (Brent) ရေနံစိမ်းစျေးမှာ တစ်စည်လျှင် ၁၁၁ ဒေါ်လာကျော်သို့ ရောက်ရှိခဲ့ပြီး၊ ဇွန်လအတွက် ကြို တင်ရောင်း ဝယ်မှုစျေးနှုန်းမှာမူ တစ်စည်လျှင် ၁၂၆ ဒေါ်လာအထိ ထိုးတက်သွားခဲ့သည်။ ယင်းမှာ အမေရိကန်-အစ္စရေး မဟာမိတ်တပ်များက အီရန်ကို စတင်တိုက်ခိုက်ခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီကထက် ဓာတ်ဆီစျေး နှစ်ဆနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။

​     ပါကစ္စတန်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဧပြီလ ၈ ရက်နေ့မှစ၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မည် သူက ကြားဝင်စေ့စပ်သည်ဖြစ်စေ အချိန်တိုအတွင်း ရလဒ်ကောင်းရရန်မှာ “လက်တွေ့မကျ” ကြောင်း ပြောကြားခဲ့သည်။ အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ဆက် လက်ပိတ်ဆို့ထားဆဲဖြစ်ပြီး၊ အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ဝိုင်းရံထားဆဲဖြစ်သည်။ အမေရိကန်က တိုက်ခိုက်မှုများ ပြန် လည်စတင်ပါက အနီးနားရှိ ပင်လယ်ကွေ့နိုင်ငံများမှ အမေရိကန်ပိုင်ဆိုင်မှုများကိုပါ တုံ့ပြန်တိုက်ခိုက်မည်ဟု အီရန်က ခြိမ်းခြောက်ထားသည်။

​     ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် ငါးပုံတစ်ပုံခန့် စီးဆင်းရာ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုသည် ယခုနှစ်လယ်အထိ ကြာရှည်သွားပါက ကမ္ဘာလုံးဆိုင် ရာ ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားလာပြီး လူသန်းပေါင်းများစွာ ဆင်းရဲမွဲတေမှုဒဏ်ကို ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က သတိပေးခဲ့သည်။

     တစ်ဖက်တွင်လည်း သမ္မတထရန့်သည် အမေရိကန်ရေနံကုမ္ပဏီကြီးများနှင့် တွေ့ဆုံကာ အီရန်အပေါ် ပိတ် ဆို့မှုများကို လပေါင်းများစွာ ဆက်လက်ပြုလုပ်သွားနိုင်ရန်နှင့် အမေရိကန်စားသုံးသူများအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် နည်းလမ်းများကို ဆွေးနွေးလျက်ရှိသည်။

​#OilPrices #IranWar #StraitOfHormuz #EnergyCrisis #BrentCrude #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN