(ပြည်တွင်း) ဇန်နဝါရီ ၂၇

ကချင်ပြည်နယ်၌ မြန်မာ-တရုတ်ကုန်သွယ်ရေးတွင်အရေးပါသည့် ဗလမင်းထင်အမှတ် (၂) တံတားကို တည်ဆောက်လျက်ရှိရာ စီမံကိန်းဆောင်ရွက်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
အဆိုပါ ဗလမင်းထင်အမှတ် (၂) တံတားကို မြန်မာ-တရုတ်ကုန်သွယ်ရေးအတွက်အရေးပါသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားသွားကားလမ်းပေါ် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်အရှေ့နှင့် အနောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့အားဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင် တံတားဦးစီးဌာန၊ တံတားတည် ဆောက်ရေးအဖွဲ့ (၁)၊ တံတားအထူးအဖွဲ့ (၁) မှ တာဝန်ယူတည်ဆောက်လျက်ရှိခြင်းဖြစ်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်မှ တံတားတည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် အရည်အသွေး ပြည့်မီစွာနဲ့ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားကာ တည်ဆောက်ရေးဆိုင်ရာပစ္စည်းများသယ်ယူရရှိမှုနှင့် တံတားတည်ဆောက်ရေးကာလအတွင်း ရေလမ်းကြောင်း ပြောင်းလဲမှုအခြေအနေများ၊ လိုအပ်ချက်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ဗလမင်းထင်အမှတ်(၂)တံတားသစ်သည် အရှည်ပေ(၃၂၁၂ ဒသမ ၀၉၉)ပေရှိပြီး ဘိုးပိုင်၊ သံကူကွန်ကရစ် ရေလယ်တိုင်နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံပေါ်တွင် Steel Box Grider နှင့် RCC Slab အမျိုးအစား ဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၇ ပေကျော်ရှိပြီး (၇၅)တန်ထိခံနိုင်ဝန်ရှိသော တံတားတစ်စင်း ဖြစ်ပါတယ်။
တံတားသစ်တည်ဆောက်ပြီးပါက မြန်မာ-တရုတ်ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ နမ္မတီး-တနိုင်း-ပန်ဆောင် လမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံအထိ ဆက်သွယ်အသုံးပြုနိုင်ပြီး နိုင်ငံ့အကျိုးစီးပွား ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကာ တံတားနှစ်စင်းလုံးအား အသုံးပြုနိုင်မည်ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews