ONE Championship၏ ONE-170 မှာ စိုးလင်းဦးနှင့် သန့်ဇင်တို့ ပွဲစဉ်မှာ ပါဝင်နေ


(အားကစား) ဇန်နဝါရီ ၂၄

ONE Championship ရဲ့ ONE-170 ပွဲစဉ်ကို ဇန်နဝါရီလ ၂၄ ရက် ယနေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာလက်ဝှေ့ကျော်နှစ်ဦးဖြစ်တဲ့ စိုးလင်းဦးနှင့် သန့်ဇင် တို့ရဲ့ပွဲစဉ်များ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စိုးလင်းဦးနှင့် သန့်ဇင်တို့ ဟာ မကြာသေးခင်ကမှ ONE Championship နဲ့ စာချုပ်အသီးသီးချုပ်ဆိုနိုင် ခဲ့တာဖြစ်ပြီး အခုပွဲစဉ်ဟာ ၎င်းတို့နှစ်ယောက်အတွက် ပထမဆုံး ONE Championship ပြိုင်ပွဲဖြစ်လာခဲ့ပါတယ်။

ONE Championship ရဲ့ ONE-170 အတွက် မနေ့က ဆေးစစ်ဝိတ်ချိန်မှုများ ပြုလုပ်ခဲ့ပြီး စိုးလင်းဦး က Catchweight မွေထိုင်း(၁၄၂ ပေါင်) ပွဲစဉ်အဖြစ် ထိုင်းကစားသမား Seksan နဲ့ ထိုးသတ်ရမှာဖြစ်ပြီး သန့်ဇင် က Catchweight မွေထိုင်း(၁၃၄ ပေါင်) ပွဲစဉ်အဖြစ် ထိုင်းကစားသမား Suriyanlek တို့နှင့် ထိုးသတ်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ စတင်ထိုးသတ်မှာဖြစ်ပြီး သန့်ဇင် ရဲ့ပွဲစဉ်မှာ ဒုတိယပွဲနှင့် စိုးလင်းဦး ရဲ့ပွဲစဉ်ကတော့ နဝမမြောက်ပွဲစဉ်ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN