8th Bengal Global Business Summit” သို့ပါဝင်တက်ရောက်ရန် မြန်မာနိုင်ငံကိုဖိတ်ခေါ်


(ပြည်တွင်း) ဇန်နဝါရီ ၂၄

အနောက်ဘင်္ဂလားပြည်နယ်အစိုးရမှ ကြီးမှူးကျင်းပမယ့် “8th Bengal Global Business Summit” သို့ မြန်မာနိုင်ငံအနေနဲ့ လုပ်ဖော်ကိုင်ဖက်နိုင်ငံ (Partner Country) အဖြစ် ပါဝင်တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ၊ ကိုးလ်ကတ္တားမြို့တွင် ဖေဖော်ဝါရီလ ၅ ရက်မှ ၆ ရက်အထိ ကျင်းပသွားမှာဖြစ်လို့ ပါဝင်တက်ရောက်လိုတဲ့ မြန်မာကိုယ်စားလှယ်များအနေနဲ့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade@gmail.com သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားပါတယ်။

အစည်းအဝေးသို့တက်ရောက်ပါက ၆ မီတာ x ၆ မီတာ သို့မဟုတ် ၅ မီတာ x ၅ မီတာ အကျယ်အဝန်းရှိ ပြခန်း ၁ ခန်းကိုအခမဲ့ရရှိမှာ ဖြစ်တဲ့အပြင် B2B၊ G2G ဆွေးနွေးပွဲများမှာ ပါဝင် တက်ရောက်နိုင်ပြီး MoUs နှင့် သဘောတူညီချက်များ ပြုလုပ်ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းရရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပွဲများတွင် ပါဝင်ဟောပြောခွင့်နှင့် ဆွေးနွေးတင်ပြခွင့်များ ရရှိမှာဖြစ်ပြီး အစိုးရ/သံရုံးတို့မှ တရားဝင်ကိုယ်စားလှယ်များအတွက် တည်းခိုနေထိုင်မှုနှင့် ပြည်တွင်းသွားလာမှုဆိုင်ရာကိစ္စရပ်များ ကို ပြပွဲစီစဉ်ဆောင်ရွက်သူဖက်မှ ကျခံဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN