(နိုင်ငံတကာ) ဇန်နဝါရီ ၂၄

တူရကီ(တူကီယေး)ရှိ နှင်းလျှောစီး အပန်းဖြေစခန်းတွင် မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၇၈ ဦးအထိ ရှိလာခဲ့သည်ဟု အာဏာပိုင်များကဆိုသည်။
အဆိုပါမီးလောင်မှုသည် တူရကီသမိုင်းတွင် အဆိုးရွားဆုံးမီးလောင်မှုအဖြစ်မှတ်တမ်းဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့သည်။
တူရကီ၏ နာမည်ကြီး Kartalkaya အပန်းဖြေစခန်းသည် နှစ်စဉ် လူသောင်းနှင့်ချီ လာရောက်လည်ပတ်သည့်နေရာဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် Grand Kartal ဟိုတယ်သည် အထပ် ၁၂ ထပ်ရှိသည့် ဇိမ်ခံဟိုတယ်ဖြစ်သည်။
သေဆုံးသူဦးရေ မြင့်တက်ခဲ့သည့်အတွက် အဆိုပါဟိုတယ်၏ မီးဘေးလုံခြုံရေး စီမံချက်များနှင့် ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင် ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။
မီးလောင်ကျွမ်းချိန်တွင် မီးဘေးသတိပေးချက် စနစ်များ အလုပ် မလုပ်ခဲ့ကြောင်း အသက်ရှင်သူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မီးမတော်တဆမှုဖြစ်ပေါ်ခဲ့သည့် ဟိုတယ်ပိုင်ရှင်နှင့်တာဝန်ရှိသူများ ဒေသဆိုင်ရာမီးသတ်အကြီးအကဲများ အပါအဝင်လူ ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews