(နိုင်ငံတကာ) ဇန်နဝါရီ ၂၄

တရုတ်နိုင်ငံ ဆူကျိုးပြည်နယ်ရှိ ဂျပန်ကျောင်းကားတစ်စီးအား တိုက်ခိုက်ခဲ့သည့် တရုတ်အမျိုးသားအား တရုတ်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်းသိရသည်။
အသက် ၅၂ အရွယ် Zhou Jiasheng အမည်ရှိ အမျိုးသားသည် အလုပ်လက်မဲ့ဖြစ်ပေါ်ခဲ့ပြီး ကြွေးမြီများပြားလာခြင်းကြောင့် အသက်ရှင်နေထိုင်လိုစိတ်မရှိပဲ ယခုကဲ့သို့ ကျူးလွန်ခဲ့ကြောင်း တရုတ်တရားရေးအသိုင်းအဝိုင်းကဆိုသည်။
Zhou Jiasheng သည် ဂျပန်စာသင်ကျောင်းအပြင်ဘက်ရှိ ကျောင်းကားတစ်စီးပေါ်သို့ တက်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုတွင် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။
အဆိုပါ တရားခွင်သို့ ဂျပန်သံတမန်များ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ စီရင်ချက်သည် သင့်လျော်သည့် စီရင်ချက်ဖြစ်ကြောင်းမှတ်ချက်ပြုခဲ့သည်။
Telegram»…
https://t.me/positiveanglenews