(မှုခင်း) ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့က ဂိုဒင်းချယ်ရီဟိုတယ်ရှေ့မှာရှိတဲ့ ရွှေတာချီလူမှုကူညီရေးအသင်းဆိုင်ကယ်တက္ကစီဂိတ်(ဘော့ဒစ္စကိုဂိတ်)အသင်းသား အင်္ကျီအမှတ်(၅၉၅) ပြည့်ဖြိုးအောင်ရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေတာချီလူမှုကူညီရေးအသင်းဆိုင်ကယ်တက္ကစီဂိတ်သို့ အမည်မသိသူတစ်ဦးရောက်ရှိလာပြီး တာချီလိတ်မြို့ နမ့်ခင်းအုပ်စု၊ နမ့်ခင်းရွာသို့သွားလို၍ ဆိုင်ကယ်လာရောက်ဌားသဖြင့် အသင်းသား ပြည့်ဖြိုးအောင်မှ လိုက်ပါသွားခဲ့ရာက ပျောက်ဆုံးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မြို့ခံများ၏ပြောဆိုချက်အရ ပြည့်ဖြိုးအောင်အား ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီအထိ အဆက်အသွယ်ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာအဆက်အသွယ်ပြတ်တောက်သွားတာခဲ့လို့ အသင်းတာဝန်ရှိသူတွေက လိုက်လံစုံစမ်းရက သတ်ဖြတ်ခံလိုက်တာကို သိရှိခဲ့ကြရတယ်လို့ သိရပါတယ်။

ဆိုင်ကယ် Taxi သမား ကိုပြည့်ဖြိုးအောင်ကို လုံပေါက်ဆိုသူနဲ့ အမျိုးသား(၂)ဦးက သတ်ဖြတ်ပြီး ရေချောင်းထဲမှာ အလောင်းဖျောက်ကာ ဆိုင်ကယ်အား ရွာအတွင်းကို စီးလာရာက ဖော်ထုတ်ရမိပြီး သတ်ဖြတ်ခဲ့သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးရမိသူတွေရဲ့ဖော်ထုတ်ချက်အရ ဇန်နဝါရီ ၁၈ ရက်နေ့ နေ့လည်ပိုင်းက အလောင်းဝှက်ထားတဲ့နေရာကို သွားရောက်ရှာဖွေတွေ့ရှိခဲ့လို့ တာလေပြည်သူ့ဆေးရုံမှာ ဆေးစစ်ချက်ရယူပြီး အလောင်းအားကို တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဟာမြတ်မုနိဘုန်းကြီးကျောင်း နာရေးခန်းမမှာ ထားရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Telegram»…
https://t.me/positiveanglenews