ဖိလစ်ပိုင်တွင် ဖြန့်ကြက်ထားသည့် Typhon ဒုံးပစ်စင်များကို အမေရိကန်က လူဇွန်ကျွန်းသို့ ပြောင်းရွှေ့


(နိုင်ငံတကာ) ဇန်နဝါရီ ၂၄

အမေရိကန်စစ်ဘက်သည် ဖိလစ်ပိုင်နိုင်ငံအတွင်း ၎င်းတို့ဖြန့်ကြက်ထားသည့် Typhon ဒုံးပစ်စင်များကို လူဇွန်ကျွန်းရှိ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းလိုက်ကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့ အရင်းအမြစ်တစ်ခုက ပြောသည်။

Typhon ဒုံးပစ်စင်များသည် Tomahawk ခရုစ် ဒုံးကျည်များအပါအဝင် ဘက်စုံသုံးဒုံးကျည်များကို အကွာအဝေး ကီလိုမီတာ ထောင်ပေါင်းများစွာအထိ ပစ်ခတ်နိုင်ပြီး တရုတ်နှင့်ရုရှားနိုင်ငံများ အတွင်းရှိ ပစ်မှတ်များ ကိုပါ ဖိလစ်ပိုင်နိုင်ငံအတွင်းမှ ပစ်ခတ်နိုင်မည်ဖြစ်သည်။

အမေရိကန်စစ်ဘက်သည် အဆိုပါ ဒုံးပစ်စင်များကို အစောပိုင်းတွင် Laoag လေတပ်အခြေစိုက်စခန်းတွင် ဖြန့်ကြက်ထားခဲ့သော်လည်း ယခုအခါ လူဇွန်ကျွန်းသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

အမေရိကန် တပ်ဖွဲ့ဝင်များသည် မကြာမီ ရက်ပိုင်းများအတွင်း ဒုံးပစ်စင်များနှင့် ဆက်စပ်ပစ္စည်းများအား C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ တင်နေသည့်ပုံများကို ဂြိုဟ်တုမှဖမ်းယူ ရရှိခဲ့သည့် ပုံရိပ်များတွင် တွေ့မြင်ရကြောင်း Middlebury နိုင်ငံတကာ လေ့လာမှုများဆိုင်ရာ အင်စတီကျုမှ ဂျက်ဖရီလူးဝစ် က ပြောကြားခဲ့ကြောင်း သိရသည်။

Typhon ဒုံးပစ်စင်များသည် အာရှဒေသအတွင်း အမေရိကန် က ဖြန့်ကြက်ထားသည့် သင်္ဘောဖျက် လက်နက်စနစ်များ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN