(နိုင်ငံတကာ) ဇန်နဝါရီ ၂၄

ရီပတ်ဘလစ်ကန်က အမေရိကန်သမ္မတများ သုံးကြိမ်ဆက်တာဝန်ထမ်းဆောင်နိုင်သည့် ဥပဒေကြမ်းအား အဆိုပြုခဲ့ကြောင်းသိရသည်။
တန်နက်ဆီပြည်နယ်မှ မှ ရီပတ်ဘလီကန်အမတ်တစ်ဦးဖြစ်သည့် Andy Ogles သည် မည်သူမဆို သမ္မတအဖြစ် သက်တမ်းနှစ်ဆက်ထက်ပို၍ ထမ်းဆောင်ခြင်းမပြုရန် တားမြစ်ထားသည့် ၂၂ ကြိမ်မြောက် ပြင်ဆင်ချက်ကို ပြောင်းလဲရန် ပူးတွဲဆုံးဖြတ်ချက်ကို အဆိုပြုခဲ့သည်။
အဆိုပါ ပြင်ဆင်ချက်အရ သမ္မတတစ်ဦးလျင် သက်တမ်းသုံးကြိမ် တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ပြီး လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်အားရည်ညွှန်းကြောင်း အဆိုပြုချက်ဖြစ်ကြောင်းသိရသည်။
“ဒီပြင်ဆင်ချက်က သမ္မတထရမ့်ကို သုံးကြိမ်ဆက်တာဝန်ထမ်းဆောင်နိုင်မှာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ အလွန်လိုအပ်နေတဲ့ ရဲရင့်တဲ့ခေါင်းဆောင်ကို ဆက်ထိန်းထားနိုင်မှာပါ”ဟု ၎င်းကဆိုသည်။
သို့သော်လည်း အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ရန်အလွန်ခက်ခဲပြီး လွှတ်တော်နှစ်ရပ်၏ သုံးပုံနှစ်ပုံ၏ ထောက်ခံမှုလိုအပ်မည်ဖြစ်ပြီး ရီပတ်ဘလစ်ကန်အမတ်များ၏ အရေအတွက်နှင့် မလုံလောက်နိုင်ကြောင်းသိရသည်။
Telegram»…
https://t.me/positiveanglenews