ဖလမ်းက ချင်းအကြမ်းဖက်တွေခိုလုံနေတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်


(ပြည်တွင်း) အောက်တိုဘာ ၁၀

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ချင်းအကြမ်းဖက်အဖွဲ့များခိုအောင်းနေသည့်နေရာများအား တပ်မတော်(လေ)မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖလမ်းမြို့မှ ၇ မိုင်အကွာ လုံပီးရပ်ကွက်အနီးရှိ ချင်းအကြမ်းဖက်အဖွဲ့ဖြစ်တဲ့ CNDF များ ခိုအောင်းနေသည့် နေရာများအား ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် တပ်မတော်တိုက်လေယာဉ်များမှ ၃ ကြိမ် ထက်မနည်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဖလမ်းမြို့မှ ၉ မိုင်ခန့်အကွာတွင်ရှိသော ရာဲလ်းဆင်းကျေးရွာနှင့် ဆွန်တလာကျေးရွာများရှိ လက်နက်ကိုင်များရှိရာနေရာများသို့ ဖလမ်းတပ်ကုန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN