(ပြည်တွင်း) အောက်တိုဘာ ၁၀

(၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်စွမ်းရည်မြှင့်တင်ရေးကော်မတီ အစည်းအဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံဖြိုး တိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေးကော်မတီ အစည်းအဝေး၊ (၃၂)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များကြီးကြပ်မှုကော်မတီ အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့်စစ်ဆေးအကဲဖြတ်ရေးကော်မတီ အစည်းအဝေး များကို အောက်တိုဘာ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ In Person စနစ်ဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်၍ မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် တိုးတက်ဝင်ရောက်လာရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍဖွံဖြိုးလာရေးအတွက် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာအားကောင်းစေ သည့်အပြင် ယဉ်ကျေးမှုဖလှယ်ရေးမြှင့်တင်ရာတွင်လည်း အရေးပါကြောင်း၊ ယခုကျင်းပသည့် အစည်းအဝေးများတွင် အာဆီယံနိုင်ငံများရှိ ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးအတွက်သာမက လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရေးနှင့် ကျွမ်းကျင်မှုစံသတ်မှတ်ချက်များ၊ အပြန်အလှန် အသိအမှတ်ပြုမှု အစီအစဉ်များလည်း ပါဝင်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအဖွဲဝင်နိုင်ငံများမှ အဖွဲခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး (၁၈)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေး ကော်မတီ အစည်းအဝေးတွင် မြန်မာနိုင်ငံက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများသို့ ပါဝင်တက်ရောက်လာသည့် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များအား ကြိုဆိုဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews