(ပြည်တွင်း) စက်တင်ဘာ ၉
ကချင်ပြည်နယ်အတွင်း အင်တာနက်လိုင်းများဖြတ်တောက်ထားသော်လည်း StarLink Wifi စက်များဖြင့် ဝန်ဆောင်မှုပေးနေသောလုပ်ငန်းများအဆင်ပြေနေကြောင်း သိရသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေသော ဖားကန့်မြို့နယ် ဟောင်ပါးအုပ်စုအတွင်းတွင် စက်တင်ဘာ ၈ ရက်နေ့မှစပြီး စီးပွားဖြစ်လုပ်ကိုင်ဆောင်ရွက်နေကြသော Starlink Wifi ဆိုင်ရှင်များကို KIO /KIA မှအခွန်ကင်းလွတ်ခွင့်ပေးပြီး သုံးစွဲသူပြည်သူများအဆင်ပြေစေရန်အတွက် Starlink အင်တာနက်ဆိုင်များအား ယခင်တစ်နာရီ ကျပ်(၁)သောင်းငါးထောင် ကျပ်များအစားတစ်နာရီ (၂)ထောင်နှုန်းသတ်မှတ်ပေးထား ကြောင်းသိရသည်။၏
ပြည်တွင်း၌ Telegramနှင့် Youtube စသည့် ပလက်ဖောင်းမှလွဲ၍ ကျန် ပလက်ဖောင်းများအား VPN ခံကာသုံးစွဲနေရသော်လည်း အဆိုပါနေရာများတွင် StarLink Wifi စက်များဖြင့်လွတ်လပ်စွာအသုံးပြုနေကြကြောင်း သိရသည်။
ကချင်ပြည်နယ်နည်းတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့အား ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ထားသော်လည်း Starlink Internet Wifi စက်များနှင့် တစ်နာရီ ၂ထောင်ကျပ်ဖြင့် ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။
Starlink Internet စက်များအား ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်တင်သွင်းနေပြီး စက်တန်ဖိုးနှင့် တစ်နှစ်စာဝန်ဆောင်ခအဖြစ် မြန်မာကျပ်ငွေ သိန်း၁၀၀ မှ ၁၅၀ကြားရှိကြောင်း ၎င်းစက်များအား ငွေကြေးတတ်နိုင်ပါက အလွယ်တကူဝယ်ယူရရှိနိုင်သည်ဟု သိရကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။
အောင်မောင်း(ရာမညမြေ)
#PAN