ကြွက်သားတွေအတွက် ကောင်းမွန်စေတဲ့ အစားအစာတွေ


(ကျန်းမာရေး) စက်တင်ဘာ ၉

ဒိန်ခဲပျော့ သို့မဟုတ် paneer ဟာ casein ဓာတ်နဲ့ပြည့်ဝတာကြောင့် whey protein ရဲ့ အကောင်းဆုံး အရင်းအမြစ်ဖြစ်ပါတယ်။ Casein ဓာတ်ဟာ သင်အိပ်ပျော်နေတဲ့အချိန်မှာ ကြွက်သားတွေကို ပြန်လည်ကောင်းမွန် စေပါတယ်။ Casein ဓာတ်ဟာ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကြွက်သားတွေ breakdown ဖြစ်ခြင်းမှလည်း တားဆီး ပေးပါတယ်။

ကြက်ဥမှာ protein ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ Protein ဓာတ်အပြင် အာဟာရဓာတ်တွေလည်း အလွန် ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားတွေ အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် စားသုံးဖို့အကောင်းဆုံး အစားအစာ ဖြစ်ပါတယ်။ ကြက်ဥမှာပါဝင်တဲ့ amino acids တွေက ကြွက်သားတစ်သျှူး တွေကို ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးပါတယ်။

အခွံမာသီးတွေမှာ omega 3 fatty acids နဲ့ protein ဓာတ်တွေပြည့်ဝတာကြောင့် ဟောင်းနွမ်းသွားတဲ့ ကြွက်သားတစ်သျှူးတွေကို ပြန်လည်ပြုပြင်ရာမှာ ကူညီပေးသလို ရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

ဖရဲသီးမှာ potassium နဲ့ magnesium ဓာတ်တွေ ပါဝင်မှုက ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေပြီး နာကျင်ခြင်းနဲ့ tension တွေကို ပြေလျော့စေပါတယ်။

နိုနဲ့အခြားနိုထွက်ပစ္စည်းတွေမှာ ကြွက်သားတွေ ပြန်လည်ကောင်းမွန်လာစေရန်အတွက် လုပ်ဆောင်ပေးပါတယ်။ နွားနိုအေးသောက်ခြင်းက ခန္ဓာကိုယ်ကို လန်းဆန်း စေရုံသာမက စွမ်းအင်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ နွားနိုမှာ ပရိုတင်းဓာတ်ကြွယ်ဝပြီး ပင်ပန်းနေတဲ့ ကြွက်သားတစ်သျှူးတွေကို ပြန်လည်ပြုပြင်ရာမှာ ကူညီပေးပါတယ်။ နွားနိုမှာ ဆိုဒီယမ်ပါဝင်မှုကလည်း ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

ဟင်းနုနွယ်ရွက်က ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ကို လေးလံစွာလည်ပတ်ပြီးနောက် အားဖြည့်ပေးတဲ့ အစွမ်းရှိပါတယ်။ Electrolytes ဓာတ်ကြွယ်ဝ တာကြောင့် ချွေးဖြင့်ဆုံးရှုးသွားတဲ့ electrolytes ဓာတ်တွေအားလုံးကို အစားထိုးပေးပြီး ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာစေပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN