(ပြည်တွင်း) စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ထန်းပင်ချောင်းရွာ အထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမ လေးဦးအား ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က အကြမ်းဖက် PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အကြမ်းဖက် PDF အဖွဲ့များဖမ်းဆီးထားသည့် တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ချို၊ လက်ထောက် မူပြ ဆရာမများဖြစ်သည့် ဒေါ်သင်းသင်းရွှေ၊ ဒေါ်အိမွန်ဋ္ဌေးနှင့် ဒေါ်ခင်လေးနွယ်တို့ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်နေ့က အဖမ်းခံရသည့် လက်ဆည် အ.ထ.က ကျောင်းအုပ်ကြီးအပါအဝင် ယနေ့ထပ်မံဖမ်းဆီးထားသည့် ၄ ဦးအပါအဝင် ပေါင်း ၅ ဦးတို့အား အရှေ့ကံတွင်း ကျောင်းထဲတွင် ချုပ်ထားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews