(ပြည်တွင်း) စက်တင်ဘာ ၉

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာရှိ မြေးဖွား ၂ ဦး နေအိမ်၌ ရှိနေစဉ်လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြေးဖွား ၂ ဦး နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမားများ၏ လက်နက်ကြီး ကျည် သည် နေအိမ်၏ အရှေ့ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မနန်းရွေရည်၊ အသက် ၁၄ နှစ်၊ (ဘ)ဦးပုကြီးသည် ဝဲရင်အုံအထက် လက်နက်ကြီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဒေါ်မိတေး၊ အသက် ၅၅ နှစ်၊ (ဘ)ဦးတောကျော် နဖူး လက်နက်ကြီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းသား
Telegram»…
https://t.me/positiveanglenews