ခရီးသည်တင်ယာဉ် ၁ စီးကို အကြမ်းဖက်သမားများက ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး ကျဉ်ထိမှန်


(ပြည်တွင်း) စတင်ဘာ ၉

ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ရန်ကုန်မြို့ မှ ရေးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင် ယာဉ် ၁ စီးအား အကြမ်းဖက်သမားများမှ လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် ယာဉ်ပေါ်ပါလာသူ အမျိုးသမီး ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း ဦးထွန်းထွန်းဦး မောင်းနှင်သည့် ခရီးသည်တင်ယာဉ်အမှတ် 4N-3555 Hiace အမျိူအစား ခဲရောင်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာအရောက်၌ အကြမ်းဖက်သမားများ၏ လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါလာသူ ဒေါ်ကေသီဦး၊ အသက် ၃၇ နှစ်၊ (ဘ)ဦးစိုးမြင့်၊ ကော့ဒွတ်ကျေးရွာ၊ ရေးမြို့နယ်နေသူတွင် ဝဲခါးအထက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့သဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

နယ်မြေခံလုံခြုံရေးအဖွဲ့မှ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စစ်ကိုင်းသား

Telegram»…
https://t.me/positiveanglenews

PAN