(ပြည်တွင်း) စတင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ကျိုင်းတုံ ~ လွိုင်မွေသွားလမ်းပေါ်သို့ လမ်းဘေးမြေသားနံရံများပြိုကျနေသဖြင့် လမ်းပိတ်နေပြီး မိုင်းခတ်မြို့နယ်၊မိုင်းနုန်းအုပ်စု၊ တပ်မိုင်ရွာ၊ နမ့်နုန်းချောင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

ယနေ့ညနေ ၅ နာရီအချိန်ခန့်က ကျိုင်းတုံမြို့၊ ကျိုင်းတုံ ~ လွိုင်မွေသွားလမ်းပေါ်၌ နံနက်ပိုင်းမှ စတင်ရွာသွန်းသောမိုးရေကြောင့် လမ်းဘေးနံရံမြေသားများ ပြိုကျခါ လမ်း ပိတ်ဆို့မှုဖြစ်ပွားနေသောကြောင့် ယခုချိန်ထိ ယာဉ် များအတက်အဆင်းပြုလုပ်၍မရသေးကြောင်း သိရှိရပြီး ၎င်းလမ်းပိုင်းအား လာရောက် ပြုပြင်မှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရှိရသည်။
ယနေ့မွန်းတည့် ၁၂ နာရီအချိန်ခန့်ကလည်း မိုင်းခတ်မြို့နယ်၊ မိုင်းနုန်းအုပ်စု၊ တပ်မိုင်ရွာ၊ နမ့်နုန်းချောင်း ရေကြီးရေလျှံဖြစ်ကာ ရွာအတွင်းသို့ ရေများ ဝင်ရောက် လျက်ရှိကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews