(မှုခင်း) ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့ ရွှေပြည်သာယာရပ်ကွက်တွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈နာရီ အချိန်ခန့်က လယ်ကွင်းရိုးပျက် ရေမြောင်းအတွင်း အမျိုးသမီးတစ်ဦးသေဆုံးလျှက် တွေ့ရှိရကြောင်း သိရသည်၊
သေဆုံးသူမှာ အမှတ်(၃) ရွှေပြည်သာယာရပ်ကွက်၊ ကျောက်တန်းမြို့နယ်နေသူ မလှလှဝင်း(ခ)ပါပါး၊ (၄၃)နှစ်၊(ဘ) ဦးနားကလင်းကွန်းဖြစ်ကြောင်းသိရပြီး တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ၎င်းတွင် ပြင်ပဒဏ်ရာမတွေ့ရှိဘဲ နှာခေါင်းမှအမြုပ်များ ထွက်လျှက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်းသိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား ကျောက်တန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးမှုသည် ဓမ္မတာအတိုင်းသေဆုံးရခြင်း၊ ဟုတ်/မဟုတ်စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်၊

Telegram»…https://t.me/positiveanglenews
#PAN