(မှုခင်း) ဇူလိုင် ၂၈
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၂၈/၇ နှင့် ၁၂၉/၀ ကြားတွင် ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဇူလိုင်လ၂၇ရက်နံနက်၆နာရီ၂၀မိနသ်အချိန်က ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁၂၈/၇ နှင့် ၁၂၉/၀ ကြားတွင် ကုန်တင်ယာဥ်ယာဉ်မောင်းပါ ကျား(၂)ဦးလိုက်ပါလာသည့် 3M-8770 HINO RANGER အမျိုးအစား ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့သည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား၂ဦးအနက် ၁ ဦးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အထူးသတိပေးအပ်ထားကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN