မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်း၊ ၃၅x ၃၆ လမ်းကြားတွင် ယနေ့နံနက်၁၀နါရီ၃၅မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဟေမမာလာမြောက်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ စကြာနွယ်စဉ်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဟေမမာလာတောင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရဲမွန်တော်အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ မဟာမြိုင် ၂ အရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာနံနက် ၁၀နါရီ ၄၂ မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်စဥ်နှင့် မီးလောင်ဆုံးရှုံးသည့် တန်ဖိုးအား သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN