ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို အထူးအစီအစဉ်တစ်ရပ်အနေဖြင့် စစ်ဆေးပေးနေ

(ပြည်တွင်း) ဧပြီ ၃၀

ရခိုင်ပြည်နယ် စစ်တွေမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင် စာမေးပွဲအား အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဧပြီလ ၂၉ ရက်နေ့မှစတင်ကာ စစ်ဆေးပေးနေကြောင်း သိရသည်။

ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖြေဆိုလျက်ရှိရာတွင် စစ်တွေမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့များမှ ကျောင်းသား၊ ကျောင်းသူများ စုစည်း၍ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

#PAN