ပုသိမ်ကြီးမြို့နယ်တွင် Gas ယိုစိမ့်ပြီး မီးလောင်မှုဖြစ်

(ပြည်တွင်း) ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ စည်သာယာကျေးရွာရှိ ဦးစည်သူ ပိုင်ဆိုင်သော (၂၄’ ၂၄’)ပေ၊ သွပ်မိုး၊ နံကပ်အိမ်တွင် အဖီဆွဲ၍ ဈေးဆိုင်ဖွင့်လှစ်ထားသော ( ၁၂’ ၁၅’)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ ကုန်မျိုးစုံဆိုင်၌ အိမ်သုံး Gas ဘူးများ၊ Gas ယိုစိမ့်ပြီး အနီးရှိ မီးသွေးမီးဖို မီးဖြင့် ထိတွေ့ကာ ယမန်နေ့ နံနက် ၁၀ နာရီ ၅၃ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ၁၀နာရီ ၅၄ မိနစ်တွင် ဖုန်းသတင်းရရှိ၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၂)ဦး၊ မီးငြှိမ်းသတ်ယာဥ် နှစ်စီး၊ မိုင်ကုန်း အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ ရေသယ်ယာဥ် တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ၊ အနီးပတ်ဝန်းကျင် ပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်နိုင်သဖြင့် ၁၀ နာရီ ၅၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် CHIGO အမျိုးအစား outdoor (1.5)hp Aircon တစ်လုံး၊ ခန့်မှန်းဆုံးရှုံးမှု တစ်သိန်းကျပ်၊ ကုန်ပစ္စည်းမျိုးစုံ ဆုံးရှုံးမှု နှစ်သိန်းကျပ်၊ အိမ်သုံးGasဘူးအသေး (၁၀)လုံး၊ ဆုံးရှုံးမှု တစ်သောင်းခွဲကျပ်၊ စုစုပေါင်းခန့်မှန်း ဆုံးရှုံးမှု သုံးသိန်းတစ်သောင်းခွဲကျပ် ဖြစ်ပြီး၊ ဦးစည်သူ အသက် (၄၇)နှစ်၊ ဦးချစ်ကိုကိုအား ပုသိမ်ကြီးမြို့မ ရဲစခန်းမှ ပနံပါတ် (၁၃၉/ ၂၀၂၄)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၂၈၅)ဖြင့် အရေးယူ ဆောင်ရွက်ထားကာ၊ မီးလောင်မှုကြောင့် လူနှင့် တရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

#PAN