ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅) လုံး မီးလောင်

( ပြည်တွင်း) ဧပြီ ၃၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို အမှတ် (၁၈)ရပ်ကွက်၌ ကလေးငယ်များ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာမှ နေအိမ် (၅) လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် အချိန်ခန့်၌ အိမ်ပိုင်ရှင် ဒေါ်သူဇာသည် အပြင်သို ဈေးဝယ်ထွက်သွားစဉ် ၎င်း၏ သားသမီး (၂) ဦးမှ ဂတ်စ်မီးခြစ်ဖြင့် မီးဆော့ကစားရာ အနီးရှိ ဝါးထရံအား မီးစတင်ကူးလောင်ကျွမ်းခဲ့ပြီး (၂၁×၂၁)’ သွပ်မိုး ထရံကာ မြေစိုက် (၂) လုံး၊ (၂၄×၂၄)’ သွပ်မိုး ဝါးထရံကာ မြေစိုက် (၁) လုံး၊ (၂၈×၂၈)’ သွပ်မိုး ထရံကာ မြေစိုက် (၁) လုံး (၂၁×၂၁)’ သွပ်မိုး ထရံကာ မြေစိုက် (၁) လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း အိမ် (၅) လုံး၏ တန်ဖိုး (၁၄၅၀၀၀၀) ကျပ်ခန့် မီးလောင်ပျက်စီးဆုံးရှုးခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီး မှူး ဦးအောင်သက်လှိင် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၃) စီး၊ မြိုနယ် မီးသတ်ဦးစီးဌာန မြိုနယ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ် ယာဉ် (၁) စီး၊ သန္ဓေတပ်ဖွဲဝင် (၄၉) ဦးနှင့် အရန်မီးသတ်တပ်ဖွဲဝင် (၂၀) ဦးတို သွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။

အဆိုပါ မီးလောင်မှုစတင်ဖြစ်ပွားသည့် အိမ်ပိုင်ရှင် ဒေါ်သူဇာအား မြင်းခြံမြိုမရဲစခန်းမှ (ပ) ၃၃/၂၀၂၄ ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN