(ပြည်တွင်း) ဧပြီ ၄
နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ပျံသန်း ဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တားနိုင်ခဲ့သည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ဧပြီလ ၄ ရက် နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်း ပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါ ဒရုန်းများကို ပစ်ချဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုအား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။
ပစ်ချခံရသည့် ကာမီကာဇေဒရုန်းတစ်စင်း၏ ကာလတန်းဖိုးမှာ ဒေါ်လာ ၂ သောင်းဝန်းကျင်ရှိပြီး လက်လုပ် ကာမီကာဇေဒရုန်းဖြစ်ပါက တစ်စီးကို ဒေါ်လာ ၇ ခန့်ကုန်ကျမည်ဖြစ်ပြီး ပစ်စင်နှင့်ပစ်ခတ်ခံရသည့် ဒရုန်းအမျိုးအစားဖြစ်တာကြောင့် အတွဲလိုက်ရောက်ရှိလာတာဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူတွေကပြောပါတယ်။
ယင်းဖြစ်စဉ်များအတွင်း လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
#PAN