ဘိုင်ယန်မြူးနစ်နည်းပြသစ် ဖြစ်လာရန် ဒီဇယ်ဘီ ရေပန်းအစားဆုံးဖြစ်နေ

ဧပြီ ၄

ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဟာ ဘရိုက်တန်အသင်းနည်းပြ ဒီဇယ်ဘီကို လာမယ့်နွေရာသီမှာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လီဗာကူဆင်နည်းပြ အလွန်ဆိုကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ အလွန်ဆိုကိုယ်တိုင်က အသင်းပြောင်းလိုတဲ့ ဆန္ဒမရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့ပါတယ်။

အီတလီနည်းပြ ဒီဇာဘီဟာ ဘရိုက်တန်နဲ့ ၂ နှစ်စာချုပ်သက်တမ်းကျန်ရှိသေးပေမဲ့ ကစားသမား အင်းအားဖြည့်တင်းမှုတွေ လုပ်ဆောင်ပေးခြင်းမရှိဘူးဆိုရင် အသင်းကနေ ထွက်ခွါဖွယ်ရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဒီဇာဘီအပြင် အသင်းနည်းပြဟောင်း နာဂယ်စ်မန်း၊ သြစတြီးယား နည်းပြ ရက်ဖ်ရင်းနက်ခ်တို့ကိုလည်း နည်းပြသစ်လျာထားစာရင်းမှာ ထည့်သွင်းထားပါတယ်။

ရလဒ် ကောင်းမွန်အောင်စွမ်းဆောင်နိုင်ခြင်းမရှိခဲ့တဲ့ လက်ရှိအသင်းနည်းပြ သောမက်စ်တူဟယ်က ရာသီအကုန်မှာ အသင်းကနေ ထွက်ခွါသွားမည်ဖြစ်ပါတယ်။