အမေရိကန်တွင် ဗျူဟာမြောက် အရန်ဆီသိုလှောင်ထားမှု ၁၇ ရက်စာသာကျန်ရှိ

ဧပြီ ၄
အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် သိုလှောင်ထားသည့် Strategic Petroleum Reserve (SPR) အရန် စက်သုံးဆီများ ပြတ်လပ်လုနီးပါဖြစ်နေကြောင်း အမေရိကန်မီဒီယာများမှ ဖော်ပြသည်။
အဆိုပါ မဟာဗျူဟာမြောက် အရေးပေါ်အသုံးပြုရန် သိုလှောင်ထားသည့် အရန် စက်သုံးဆီသည် သမ္မတအဆက်ဆက် သိုလှောင်သိမ်းဆည်းခဲ့သော်လည်း သမ္မတဘိုင်ဒန်လက်ထက်တွင်း အသုံးပြုမှုနှင့် ထုတ်ရောင်းမှုများကြောင့် ၄၃ ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်းသိရသည်။
သမ္မတဘိုင်ဒန်အနေဖြင့် Strategic Petroleum Reserve (SPR) ကို ပြန်လည် ဖြည့်တင်းမည်ဟု ကတိပြုထားသော်လည်း လက်တလော ပြန်လည် မဖြည့်တင်းနိုင်ကြောင် ဘိုင်ဒန်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့သည်။
လက်ရှိအချိန် အမေရိကန်ပြည်ထောင်စုတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အရေးပေါ်စက်သုံးဆီများ မဖြည့်တင်းနိုင်သေးကြောင်းသိရသည်။
ဂျိုးဘိုင်ဒန်ဟာ နိုင်ငံရေးအကြောင်းပြချက်နဲ့ SPR ကို ဖြုန်းတီးပစ်ခဲ့ကြောင်း စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် Power Of the Future ကို တည်ထောင်သူ ဒန်နီရယ်တာနာက ဆိုသည်။
ဝေဖန်သူများသည် လူမှုကွန်ယက် X တွင် သမ္မတ ဘိုင်ဒန်သည် အမေရိကန်ကို အခွံသာချန်ခဲ့ပြီး ထားရစ်ခဲ့မည်ဟု ရေးသားနေကြသည်။

#PAN

Telegram Link

https://t.me/positiveanglenews