![](https://positiveanglenews.com/storage/2024/02/10.jpg)
ဖေဖော်ဝါရီ ၂၃
Thai Fight မှာ ပြိုင်စံရှားဖြစ်လာတဲ့ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ ဟာ လာမည့် တနင်္ဂနွေနေ့တွင် ထိုင်းမွေထိုင်းလက်ဝှေ့မယ်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရပါတယ်။
Thai Fight : King Of Muay Thai တွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲချိန်နီးမှ ပြိုင်ဘက်ဖိုက်တာ ပေါ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘရော်နီကာ ထိုးသတ်မည့်သူမှာ မွေ့ထိုင်းဖိုက်တာ Fahsai ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ (၂၅) ရက် ညနေတွင် ထိုးသတ်မည်ဖြစ်ကာ ယခင်တွေ့ဆုံမှုတွင် ဘရော်နီကာက အနိုင်ရခဲ့ဖူးကြောင်း သိရပါတယ်။
ကယန်းလက်ဝှေ့မယ် ဘရော်နီကာသည် (၂) နှစ်ဆက်တိုက် အမျိုးသမီး Thai Fight ချန်ပီယံဖြစ်ပြီး (၁၇) ပွဲဆက်အနိုင် ယူထားနိုင်သည့် ပြိုင်ဘက်ကင်းလက်ဝှေ့မယ် တစ်ဦးလည်းဖြစ်ပါတယ်။