ဝိုင်းမော်မြိုနယ်၊ ဂါးရာယန်ကျေးရွာအနီး ရိက္ခာပို့လာသည့် တပ်မတော်စစ်ကြောင်းကို အကြမ်းဖက် KIA/PDF အဖွဲမှ ခြုံခိုခြောင်းမြောင်းပစ်ခတ်


ဖေဖော်ဝါရီ ၂၃

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ် ၊ ဝိုင်းမော်မြိုနယ်၊ ဂါးရာယန်ကျေးရွာအနီးတွင် အကြမ်းဖက် KIA/PDF အဖွဲမှ ရိက္ခာပို့လာသည့် တပ်မတော်စစ်ကြောင်းအား ခြုံခိုခြောင်းမြောင်း ပစ်ခတ်၍ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါခြုံခိုတိုက်ခိုက်သော အကြမ်းဖက် KIA /PDF အဖွဲ့သည် ကဇူးကျေးရွာအတွင်းသို့ပြန်လည်ဆုတ်ခွာသွားသည့်အတွက် တပ်မတော်စစ်ကြောင်းက ၎င်းတို့ဆုတ်ခွာ၀င်ရောက်သွားသည့် ကဇူးကျေးရွာအတွင်းသို့ လိုက်လံရှင်းလင်းခဲ့ကြောင်း၊ သို့သော်လည်းအကြမ်းဖက်များသည် ရွာသားများနှင့်ရောနှောနေသဖြင့် တပ်မတော်စစ်ကြောင်းအနေဖြင့် ဆမားဇုံနယ် KBC နှစ်ခြင်းအသင်းတော်အနီး ခေတ္တစခန်းချကာ နယ်မြေစိုးမိုးရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ဂါးရာယန်ကျေးရွာနှင့် ကဇူးကျေးရွာအတွင်း ရွာသားအဖြစ်အသွင်ယူကာ ရောနှောကာပုန်းခိုနေသည့်အတွက် အကြမ်းဖက် KIA/PDF အဖွဲ့၏လုပ်ရပ်ကြောင့် ကျေးရွာအတွင်းနှစ်ဘက်တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ကျေးရွာများရှိဒေသခံရွာလူထုများမှ စတင်တိမ်းရှောင်နေလျှက်ရှိကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

#PAN