နှစ်ကျော့စလုံး အနိုင်ယူပြီး နောက်တဆင့်ကို တက်လှမ်းသွားတဲ့ ရော်နယ်ဒိုရဲ့ အယ်လ်နာဆာ

ဖေဖော်ဝါရီ ၂၂

မနေ့ညက ကစားခဲ့တဲ့ AFC ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ အယ်လ်နာဆာက အယ်လ်ဖေဟာကို ၂ ဂိုးပြတ်အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အယ်လ်နာဆာအတွက် ၁၇ မိနစ်မှာကတည်းက အိုတာဗီရိုက ဦး‌ဆောင်ဂိုးသွင်း‌ပေးနိုင်ခဲ့တာဖြစ်ပြီး အနိုင်သေချာစေမယ့်ဂိုးကို ပွဲကစားချိန် ၈၆ မိနစ်မှာ ရော်နယ်ဒိုက သွင်းပေးနိုင်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃ ဂိုး ဂိုးမရှိတဲ့ဆိုတဲ့ ရလဒ်နဲ့အယ်လ်နာဆာတို့ နောက်တစ်ဆင့်ကို တက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမအကျော့မှာ အယ်လ်နာဆာတို့ အဝေးကွင်းမှာ ရော်နယ်ဒိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အယ်လ်နာဆာကို အကောင်းဆုံးကူညီပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။