တန်ဆည်မြို့နယ် ကံထူးရဲစခန်းတိုက်ပွဲ ဖြစ်စဥ်

ဖြစ်စဥ်ကိုမတင်ဆက်မှီ တန်ဆည်မြို့နယ်၊ ကံထူးမ ရဲစခန်းတိုက်ပွဲဝင်ခဲ့သော ရဲအုပ် အပါအဝင်ရဲတပ်ဖွဲ့ဝင်များအား ကြိုတင် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြအပ်ပါသည်။


တိုက်ပွဲဖြစ်စဥ်


၂၁-၂-၂၀၂၄  ရက် နံနက် ၃ နာရီအချိန်တွင် KIA နှင့် PDF အကြမ်းဖက်သမား အင်အား ၃၀၀ကျော်သည် တန်ဆည်မြို့နယ်၊ကံထူးမ ကျေးရွာတွင် တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်ရန်အခြေပြုထားသော ရဲတပ်ဖွဲ့ဝင်အင်အား၂၀ ဦးခန့် ရှိ ကံထူးမရဲစခန်းကို သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။

ကြိုတင်သတင်းရရှိထားသောရဲတပ်ဖွဲ့ဝင်များသည် ကင်းနိုးကြားလျှက်ရှိပြီး KIA နှင့် PDF အကြမ်းဖက်သမားများ စတင်တိုက်ခိုကိသည်နှင့် အကောင်းဆုံးခံစစ်ပြင်ဆင်မှု နှင့်အတူ အကြမ်းဖက်ရန်သူကို ရင်ဆိုင် ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။

အကြမ်းဖက်သမားများသည် ရဲတပ်ဖွဲ့ဝင်များ အင်အားနည်းသည်ကို အခွင့်ကောင်းယူ၍ ၅ ကြိမ်တိုင်တိုင် လုံးထွေးတိုက်ခိုက်ရန်ချဥ်းကပ်ခဲ့သော်လည် ၅ ကြိမ် တိုင်တိုင် ပြန်လည်လန်ဆင်းသွားခဲ့သည်။

တတိယ အကြိမ် လုံးထွေးတိုက်ခိုက်စဥ်  တန့်ဆည် PDF ဒုတပ်ခွဲမှူး အဆင့်ရှိ ရွှေပိုး ကို  ရဲတပ်ဖွဲ့ ဝင်များ က ချေးမှုန်းနိုင်ခဲ့ပြီး KIA နှင့် PDF များ ဖရိုဖရဲဖြင့်ဆုတ်ခွာကြရာ ဒုတပ်ခွဲမှူးရွှေပို၏အလောင်းကို ပြန်ဆွဲ နိုင်ခြင်း မရှိပဲ ထားခဲ့ရသည်။

ထို အချိန်တွင်  ကံထူးမရဲစခန်းမှဘန်ကာအချိုးပျက်စီးပြီး ရဲတပ်ဖွဲ့ဝင်များ ဆသရ ပြတ်တောက်မှုများဖြစ်ခဲ့သည်။

အထက်ဌာန မှလည်း အင်အားမမျှသဖြင့် မိမိအင်အားများ ဆုံးရှုံးမှုမရှိစေရန်  ရဲတပ်ဖွဲ့ဝင်များကို ဆုတ်ခွာခွင့်ပြုခဲ့ပါသည်။

အထက်ဌာနမှ ကံထူးမ ရဲစခန်း ဆုတ်ခွာရန် ခွင့်ပြုသော်လည်းကံထူးမ ရဲစခန်းမှူးမှာ ” ကျွန်တော်လုံးဝ မဆုတ်တော့ပါ” ဟု ပြန်ကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များတွင် ကျည်၁၅၀သာ ရှိခြင်း  ရန်သူအကြမ်းဖက်များနှင့်အင်အား ၁၀ ဆကွာခြားနေခြင်း၊ စစ်ကူစစ်ကြောင်းများကို တန်ဆည်မြို့ အနောက်ဘက် အင်းတိုင်ရွာ  အနီးတွင် ဖြတ်တောက် ပိတ်စို့ တိုက်ခိုက်နေခြင်း၊ရေဦးမှ ချီတက်လာသော စစ်ကူတပ်မတော်စစ်ကြောင်းကို တန်ဆည်မြို့နယ် ကိုးတောင်ဘို့ရွာ အနီးဖြတ်တောက် ပိတ်စို့တိုက်ခိုက်နေခြင်းစသော အခြေအနေ အရပ်ရပ် အထက်ဌာနက မိမိ ရဲတပ်ဖွဲ့ဝင်များကို ဆုတ်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကံထူးမ ရဲစခန်းမှူး သည် ဆုတ်ခွာခွင့်ပြုခြင်းကို သိသော်လည်း ငါသေမှ ငါ့စခန်းကိုရမည် ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။

၄င်းနှင့် အတူ ရဲတပ်ဖွဲ့ဝင် ၄ ဦးသည်ဘန်ကာ ကိုကြံ့ကြံ့ခံခုခံနေသဖြင်Kia နှင့် pdfအကြမ်းဖက်များ ရှေ့မတိုးရဲသော အခြေအနေဖြစ်နေသည်။

ထိုစဥ် တပ်မတော် လေ မှ ဗုံးကြဲ လေယာဥ်များ ရောက်လာပြီး KIAပဒက်များကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်သဖြင့်  အကြမ်းဖက်များအထိနာခဲ့သည်။

စခန်းမှူးသည်လေကြောင်းမှ ပစ်ခတ်ရမည့် ရန်သူ့နေရာများကို မြေပုံညွှန်းပေး၍အတိအကျ ပစ်မှတ် ညွှန်ပြနိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်များအထိနာခဲ့ခြင်းဖြစ်သည်။

ရဲစခန်းမှူးသည် ၄င်း၏ မိသားစုများထံ ဖုန်းဆက်ပြီး ၄င်း၏ မိန်းမ ကို” မိန်းမရေ ငါတော့ မဆုတ်တော့ဘူး” အကဲ၍ ငါ မရှိတော့ရင် ငါ့မိဘတွေကို မင်းစောင့်ရှောက်ပေးပါဟုမှာခဲ့သည်။

စခန်းမှူး၏ အမျိုးသမီးက “ယောက်ကျား ရှင်လုံးဝ အလံဖြူမထောင်ပါနဲ့ ရှင့်မိဘ တွေ ကလေးတွေကို ကျမစောင့်ရှောက်ပါမယ်”ဟု ပြောသည်။

PDF အကြမ်းဖက်သမား ဒုတပ်ခွဲမှူး အလောင်း လု တိုက်ပွဲစတုတ္ထ အကြိမ် လုံးထွေးတိုက်ခိုက်ခြင်း ။KIA နှင့် PDF များသည် ၄င်းတို့၏ဒုတပ်ခွဲမှူး ရွှေပိုး၏ အလောင်းကိုပြန်လည်ရယူရန်မှာ ကံထူးမ ရဲစခန်းကို သိမ်းပိုက်နိုင်မှရမည်ဟုသုံးသပ်ခဲ့ကြသည်။

တပ်ဖြန့်၍ရသော အင်အား ၁၀၀ ကျော်ကိုစုဖွဲ့ပြီး စတုတ္ထအကြိမ် လုံးထွေးတိုက်ခိုက်လာခဲ့ကြသည်။

ကျည်အင်အား နည်းလာသော စခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ တက်လာသောအကြမ်းဖက်သမားများကို စခန်းခြံစည်းရိုး အဝင်ဝ ရောက်လာသူမှန်သမျှ ကို တစ်တောင့်ခြင်းစီပစ်ခတ်ခြေမှုန်းရာ နာရီ ဝက်ခန့်အကြာ အကြမ်းဖက်များ အထိအခိုက်အကျအဆုံးများ သဖြင့် လန်ဆင်းဆုတ်ခွာခဲ့ရပြီး PDFအကြမ်းဖက်သမား ရွှေပိုး၏အလောင်းကို ထားခဲ့ရပြန်ပါသည်။

ထိုအချိန် ညနေ ၃ နာရီခန့် ရှိလာပြီဖြစ်ပြီး ရွာသာယာမှ ထွက်လာသောတပ်မတော် စစ်ကူစစ်ကြောင်းသည်အင်းတိုင်ရွာတွင် LOC ဖြတ်၍ ပိတ်စို့ တိုက်ခိုက်နေသော KIA နှင့် PDFများကို ထိုးဖောက်ချေမှုန်းနိုင်ခဲ့ပြီးကံထူးမ ရွာသို့ ဆက်လက်ချီတက်လျှက်ရှိပါသည်။

ရေဦးမှချီတက်လာသော တပ်မတော်စစ်ကြောင်းသည် ကိုးတောင်ဘို့ရွာ အနီး ပိတ်စို့တိုက်ခိုက်နေသော KIA PDF များကို ထိုးဖောက်တိုက်ခိုက်ခဲ့ရာ KIA PDF အလောင်း၁၀ လောင်း ရရှိပြီး ဆက်လက်ချီတက်နိုင်ခဲ့သည်။

ကံထူးမစခန်းမှူး ရဲအုပ်သည် ညာလက်ပြင် လက်နက်ငယ် ၁ ချက် ၊ ဦးခေါင်း တွင် လက်နက်ကြီးစ တစ်စ ထိမှန် ခဲ့သည်။

စတုတ္တအကြိမ် တိုက်ပွဲအပြီး ဆသရ ပြတ်တောက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် ပြန်လည် အဆက်အသွယ်ရခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အင်အားပြန်လည်စုဖွဲ့ပြီးခံစစ် ပြင်ဆင်ခဲ့ကြသည်။

ပဥ္စမအကြိမ် လုံးထွေးတိုက်ခိုက်ခြင်း အကြမ်းဖက်ဒုတပ်ခွဲမှူး ရွှေပိုး၏ အလောင်းကိုပြန်မရခြင်း၊ အင်အား နည်းနေသည် ကို သိခြင်းကြောင့် KIAနှင့် PDF များသည် ၅ကြိမ်မြောက်လုံးထွေးတိုက်ခိုက်လာ ရာ ရဲတပ်ဖွဲ့အား စခန်းမှူးမှ အ​ကောင်ဆုံးကွပ်ကဲ၍ တိုက်ပွဲဝင်ခဲ့ကြသည်။

စစ်ကူစစ်ကြောင်များသည်လည်းပိတ်စို့နေသော KIA PDF များကိုထိုးဖောက်တိုက်ခိုက် ချေမှုန်းခဲ့ရာ အတွင်းအပြင် ၂ ဖက်ညှပ်ခံရသဖြင့် ဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ပဲ ဦးတည်ရာသို့ထွက်ပြေးကြရတော့သည်။

လက်ရှိ အချိန်တွင်ကံထူးမ စခန်းနှင့် စစ်ကူတပ်မတော်စစ်ကြောင်း ၊ ကန့်ဘလူပြည်သူ့စစ်စစ်ကြောင်းများသည် လက်ခြင်းချိတ်ဆက်နိုင်ခဲ့ ပြီး နယ်မြေဆက်လက် ရှင်းလင်းလျှက်ရှိသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်ဒုတပ်ခွဲမှူး ရွှေပိုး အပါအဝင် KIA PDF အကြမ်းဖက်သမား ၃၀ ကျော်ကိုချေမှုန်းရှင်းလင်းနိုင်ခဲဲ့ပြီး PDF ၅၀ကျော် ဒဏ်ရာရ ဒုက္ခိတ ဖြစ်စေခဲ့ပါသည်။

နိုင်ငံတော်က၂၁-၂-၂၀၁၄ ရက်နေ့တွင် တန်ဆည်မြို့နယ်၊ ကံထူးမ တိုက်ပွဲတွင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသောစခန်းမှူး ရဲအုပ်နှင့် ရဲတပ်ဖွဲ့ဝင်အားလုံးကို တစ်ဆင့်မြင့်ရာထူးကို စစ်မြေပြင်အထိ အဆင့်တိုး ချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း တင်ခဲ့သည်။

PAN