ကင်ဆာရောဂါခံစားနေရတဲ့ အဲရစ်ဆန်ကို ဂုဏ်ပြုသည့်အနေဖြင့် ဂန္ထဝင်အသင်းနည်းပြအဖွဲမှာ ထည့်သွင်းခဲ့တဲ့ လီဗာပူးလ်အသင်း


ဖေဆဖာ်ဝါရီ ၁၄

ကင်ဆာရောဂါခံစားနေရတဲ့ ဆွီဒင်လူမျိုးဝါရင့်နည်းပြ ဆဗန်ဂိုရန်အဲရစ်ဆင် ဟာ Legends Charity Match 2024 ပွဲစဉ်အဖြစ် မတ်လ ၂၃ ရက်၊ အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးလ်ဂန္ထဝင်အသင်းနှင့် အေဂျက်စ်ဂန္ထဝင်အသင်းတိုပွဲစဉ်မှာ လီဗာပူးလ်ဂန္ထဝင်အသင်း၏ နည်းပြအဖွဲဝင်တစ်ဦးအဖြစ် တာဝန်ယူသွားမယ် ဖြစ်တယ်လို လီဗာပူးလ်အသင်းကအတည်ပြုကြေညာခဲ့ပါတယ်။

အဲရစ်ဆင်အနေနဲ့ ကင်ဆာရောဂါကြောင့် အများဆုံးတစ်နှစ်သာ နေရတော့မယ်လို ကိုယ်တိုင် ဝန်ခံထားခဲ့ပြီး လီဗာပူးလ်ပရိသတ်တစ်ဦးဖြစ်တာကြောင့် လီဗာပူးလ်အသင်းကို ကိုင်တွယ်လိုခဲ့တဲ့ အဲရစ်ဆင် ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂန္ထဝင်အသင်းနည်းပြအဖွဲမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ဆင် ဟာ နည်းပြဘဝမှာ ဘင်ဖီကာ၊ ရိုးမား၊ ဖီအိုရင်တီးနား၊ လာဇီယို၊ မန်စီးတီး၊ လက်စတာအစရှိတဲ့ ဥရောပထိပ်တန်းကလပ်အသင်းများအပြင် အင်္ဂလန်၊ မက္ကဆီကို၊ အိုင်ဗရီကိုစ်နှင့် ဖိလစ်ပိုင်အစရှိတဲ့ လက်ရွေးစင်အသင်းများကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။